သင်္ကြန်မှာရေလောင်၊ နေလောင်ပျက်စီးသွားတဲ့ အသားအရေကို ပြုစုရမည့်နည်းလမ်...
25-Feb-2017
နေလောင်ထားတဲ့ မျက်နှာပြင်တစ်ခုလုံးဟာ စပ်ဖျဉ်းဖျဉ်းဖြစ်ပြီး နီမြန်းနေတတ် သလို ညိုမည်းမှုလည်း ဖြစ်တတ်ပါတယ်။ အရင်ဆုံး treatment လုပ်ဖို့တော့လို မယ်။ ရေအေးအေးထည့်ထားတဲ့ ဇလားတစ်ခုထဲမှာ သံလွင်ဆီရယ်၊ လာဗင်ဒါ အဆီရယ်ကို အစက်လေးတွေချပြီး ရေသမသွားအောင် မွှေပေးပါ။ အဲဒီဇယားထဲ အနည်းဆုံး တစ်နာရီလောက် စိမ်ပေးလိုက်ရုံနှင့် စပ်ဖျဉ်းဖျဉ်းဝေဒနာကို အမြန်ဆုံး သက်သာပျောက်ကင်းစေပါတယ်။
ပြီးတော့ နေလောင်ဒဏ်ကို အာဟာရနှင့်လည်း ဖြည့်စွက်ပြီး ကုသဖို့လည်း လိုတယ်။ ဗီတာမင်စီ၊ ဗီတာမင်အီးတို့ကို သောက်သုံးပေးရင်လည်း အကျိုးသက်ရောက် မှုကိုဖြစ်စေမှာ အမှန်ပါပဲ။ အစားအစာထဲမှာလည်း ဗီတာမင်စီပါတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေလည်း ရှိပါတယ်။ ဆေးလည်းအစာ၊ အစာလည်းဆေး ဆိုသလိုပေါ့။ သံပရာသီးကတော့ ဗီတာမင်စီထဲမှာ အကောင်းဆုံးပေါ့။ သံပရာရည် သောက်ပေးခြင်းက လူတွေအားလုံးအတွက် အကောင်းဆုံးဆေး တစ်ခွက်လို့ပဲ ဆိုရမှာပဲ။ ဗီတာမင်အီးကိုတော့ နေကြာစေ့၊ နေကြာဆီ၊ အသည်းနဲ့ ဥအမျိုးမျိုးကို စားပေးခြငး်အားဖြင့် ရနိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Arogyam magazine, No.261, April.2014.Pg.22
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

